ငါးဖယ်အောင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ငါးဖယ်အောင်း(Rohtee Belangeri)

ငါးဖယ်အောင်းသည် ငါးသိုင်းမျိုးတွင် ပါဝင်သည်။ ငါး အလတ်စားမျိုးဖြစ်သည်။ ပါဏဗေဒအလိုအားဖြင့် ငါးဖယ် အောင်းကို 'ရိုးတီးဗီလင်ဂါရီ'ဟုခေါ်သည်။ ကိုယ်မှာ ခပ်ပြား ပြားရှိပြီး ဦးခေါင်းမှလွဲ၍ တစ်ကိုယ်လုံးတွင် အဖြူရောင် အကြေးများဖြင့် ဖုံးလျက်ရှိသည်။ ကျောရိုးဆူးတောင်တစ်ခု တည်းသာရှိသည်။ နှာတံတွင် အပေါက်ကလေးများရှိသည်။ ထိုငါးမျိုးကို ငါးပိကောင်လုပ်လေ့ရှိ၏။

[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)